ဘာဖြစ်လဲ
တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုပုဆိုတဲ့အရမ်းရှက်တတ်တဲ့  လူပျိုကြီးတစ်ယောက်ရှိတယ်တဲ့။ လူပျိုကြီးက အရမ်းရှက်တော့ရွာထဲက ကောင်မလေးတွေနဲ့လဲ စကားမပြောဘူး(အဲလောက်ရှက်တာ)
အဲတစ်နေ့မှာ ဖြစ်ချင်တော့ ညနေပိုင်းအချိန် ရေတွင်းမှာရေခပ်နေတုန်း မိအေး ဆိုတဲ့ကောင်မလေးလဲ ရေလာခပ်တယ် -အဲဒီမှာ လူပျိုကြီးက ရေခပ်ဖို့ခါးကုန်းလိုက်တာ " ဘွတ်" ဆို အီးထွက်သွားရော
မိအေးကလဲရီတာပေါ့ အူတတ်အောင်
နောက်နေ့ကစပြီး ကိုပုမြို့ကို တတ်သွားပါတော့တယ် ရှက်ပြီးတော့ - ကိုပုမြို့မှာ ၁ နှစ်လောက်နေပြီးအလုပ်လုပ်တ ယ်လေ ဒါပေမယ့် အဲဒီ ကိစ္စကို တစ်နေ့မှမမေ့ဘူး
ဒီလိုနဲ့ တစ်နေ့ကျတော့ ရွာကိုပြန်လာရော
ရောက်ပြီး ညနေကျတော့ ရေသွားခပ်ရော
အဲဒီမှာ မိအေးကလဲ ရေလာခပ်တဲ့ အချိန်နဲ့ သွားတိုးရော
မိအေးကတော့ ပြန်တွေ့တွေ့ချင်း " ကိုပု ရယ်ခုမှ ဘဲပြန်လာတော့တယ်လို့" ၀မ်းသာအားရ နှုတ်ဆက်လိုက်ပါတယ်
ဒါပေမယ့် ကိုပု ပြန်ပြောလိုက် တာကတော့ " ငါ့ဘာသာငါအီးပေါက်တာ ဘာဖြစ်လဲ ဆိုပြီး မိအေးကိုဆဲလိုက်ပါတော့တယ်"
ဘွဲ.တံဆိပ်များ ပိုင်ရှင်
"ဦးရဲ့ ရင်ဘတ်မှာ ဘွဲ့တံဆိပ်သုံးခု တပ်ထားတာကို မြင်ပါတယ်။ ဘာအတွက်
ချီးမြှင့်ခြင်း ခံရတာလဲဟင်"
"တတိယ တံဆိပ်ကတော့ အရင်က တံဆိပ်နှစ်ခု ရထားပြီးသူဖြစ်လို့ ထပ်ပေးတာပဲ။ ဒုတိယတံဆိပ်ကတော့ ပထမတံဆိပ် ရှိပြီး ဖြစ်လို့ပဲ၊
အဲပထမတံဆိပ်ကတော့ ဘာမှမရသေးလို့ ပေးတာပဲကွယ်"

ဆက်ကု ဆက်ကု
တစ်ခါက နားလေးတဲ့သူတစ်ယောက်လူနာသွားမေး လေသည်...သူကနားလေးသဖြင့် လူနာပြန်ပြောတာကိုမကြားမှာစိုးသ ဖြင့် လမ်းတွင်စဉ်းစားလေသည်ူ။
”အင်း ငါက နေကောင်းလားလို့မေးရင် သူကကောင်းတယ်လို့တော့ပြန်ဖြေမှာ ဘဲ ဘာဆေးတွေစားနေလဲလို့မေးရင် ဆရာဝန်ပေးတဲ့ ဆေးတွေလို့တော့ဖြေမှာဘဲ ဘယ်ဆရာဝန်နဲ့ကုနေလဲလို့မေးရင်သူ ကုနေတဲ့ဆရာဝန် ကိုပြောမှာဘဲ....ဒီတော့ငါလဲအလို က်သင့်ပြန်ဖြေလိုက်ရုံဘဲ” ဟုဆိုကာ လူနာအီမ်သို့သွားလေသည်။
လူနာအီမ်သို့ရောက်သော် သူဆင်ထားတဲ့အတိုင်းပြောတော့ သည်
”သူငယ်ချင်းနေကောင်းလား”
”သိပ်တော့မကောင်းဘူးကွာ...ဆရာဝန်ကလည်းအခြေနေမကောင်းးဘူးလို့ပြောတယ်ကွ”
”အင်းဒီစကားကြားရတာဝမ်းသာတယ်ကွာ ” ဟုပြောလိုက်ရာ လူနာမှာတော်တော်လေးဒေါသထွက်သွား သည်၊နောက်တခါထပ်မေးရင်
းပြောလိုက်ဦးမယ်
”ဘာဆေးတွေ စားနေလဲ”
“သေဆေး “
”ဘယ်ဆရာဝန်နဲ့ကုနေလဲ” ဟုမေးလိုက်ရာလူနာမှာစိတ်ပေါက်ပေါက်နဲ့
”သေမင်းနဲ့ကွာ သေမင်းနဲ့ “ဟုဖြေလိုက်ပေမယ့်ထိုသူပြန်ပြော လိုက်တဲ့စကားကြောင့် ပက်လက်လှန်သွားတော့သည်။ထိုစကားမှာ
”အင်း ကောင်းတယ်ကောင်းတယ် အဲ့ဒီဆရာဝန်ကတော်တယ်လို့ြေ ပာတယ် ကျုပ်လဲသူနဲ့ကုဘူးတယ် ဆက်ကု ဆက်ကု ပျောက်သွားလိမ့်မယ်”ဟူသတည်း.... .

I AM SORRY
၁၇-ရာစု အင်္ဂလန်နိုင်ငံ။ လေးမြားပစ်ပြိုင်ပွဲတွင်ဖြ စ်သည်
။
ပထမဦးဆုံး အပျံစားကုတ်အင်္ကျီ အပျံစားဘောင်းဘီဝတ်ထားသော လူချောတစ်ယောက်
ထွက်လာပြီး ပစ်သည်။ မြားသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းထိပ်တွင် တင်ထားသော
ပန်းသီးကိုမှန်သည်။
ပရိသတ်များ တစ်ခဲနက် သြဘာပေးကြသည်။ လူချောကပြောသည်။
*
"I am Robin Hood"*
ပရိသတ်၏အော်ဟစ်သံများ ဆူညံသွားသည်။ နောက်လူငယ်တစ်ယောက်ထွက်လာသ ည်။ သားရေဂျာကင်၊
သားရေဘောင်းဘီရှည်ကို ၀တ်ထားသည်။ ၎င်းက ပန်းသီးကိုချိန်ပြီး မြားကိုလွှတ်လိုက်သည်။
ပန်းသီးထက်ခြမ်းကွဲသွားသည် ။ ပရိသတ်များ သောင်းသောင်းဖြဖြ အားပေးကြသည်။
လူငယ်ကပြောသည်။
"I am Willghelm Telle"
ပရိသတ်၏လက်ခုပ်သံများ အရပ်လေးမျက်နှာသို့ပျံ့နှံ့သွား သည်။
ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက် ထွက်လာသည်။ ကျပ်တင်းနေသော ကုတ်အင်္ကျီနှင့်
ဘောင်းဘီတိုကို ၀တ်ထားသည်။ ကြီးမားလှသော လေးကို ယူလိုက်ပြီး ချွန်ထက်သည့်
စို့ချောင်းဖြင့်ပစ်စည်။ စို့ချောင်းသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းကို
ဖြတ်ဖောက်ထွက်သွားသည်။
ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြသည်။ အတန်ကြာဘာအသံမှ မကြားရဘဲ
တိတ်ဆိတ်နေသည်။
ထိုဗလကြီးကပြောသည်။
"I am SORRY"
နားလည်သင့်တယ်
ချစ်သူနှစ်ဦးဟာ ပျော်ပျော်ပါးပါး သွားချိန်းကြတယ်။ ညရောက်တော့ ကောင်
လေးက ကောင်မလေးကို အိမ်လိုက်ပို့ပေးပြီး မခွဲနိုင် မခွါရက်ဖြစ်ပြီး အိမ်ဝမှာ
ပဲ ကောင်မလေးကို ပွေ့ဖက်ပြီး နမ်းပါတော့တယ်။
ခဏကြာတော့ အိမ်အပေါ်
ထပ်က မီးလင်းလာပြီး ခြေသံ တဒုန်းဒုန်းနဲ့ ကောင်မလေး အဖေ ဆင်းလာပါ
တယ်။ တံခါးဖွင့်ပြီး ဒေါသတကြီးနဲ့ “ဟကောင်...ငါ့ခွင့်ပြုချက် မပါဘဲ ငါ့သမီး
ကို မင်းချိန်းခဲ့တယ်။ ညမိုးချုပ်မှ ပြန်လာပြီး ငါ့အိမ်ရှေ့မှာ ဒီလိုလာလုပ်နေတယ်
...ဒါတွေ မင်းကို ငါအပြစ်မယူပါဘူး...ဒါပေမယ့်  မင်းအဲဒီ လူခေါ် ဘဲလ်ကို မဖိ
ထားလို့ မရဘူးလား”
ကောင်မလေး နှင့် ကောင်လေး တယောက် အွန်လိုင်းပေါ်တွင် တွေ့ကြရာ
ကောင်မလေး - ဟဲလို
ကောင်လေး - ဟုတ်ကဲ့ ဟဲလို ပါ
ကောင်မလေး - ဘယ်မှာနေတာလဲ ဟင်
ကောင်လေး - အိန္ဒြာကျော်ဇင် ကိုသိလား
ကောင်မလေး - ဟင် ..ဘာမှလည်း မဆိုင်ဘူး
ကောင်လေး - သိလားဘဲဖြေပါ
ကောင်မလေး - သိတာပေါ့ အဲဒါဘာဖြစ်လဲ
ကောင်လေး - သူနဲ့ တစ်တိုက်ထံ နေတာ
ကောင်မလေး - ဟုတ်လို့လား
ကောင်လေး - တကယ်ပြောတာ။ အာရှတိုက်မှာနေကြတာလေ...

No comments:
Post a Comment