>>
>> နုပျိုတဲ့ဇနီးမောင်နှံနှစ်ဦး အသစ်ပြောင်းလာတဲ့ အိမ်ခန်းထဲမှာ ပရိဘောဂတွေ
>> နေရာချရင်း ငြင်းခုန်နေကြတယ်။ ကောင်မလေး စွာသမျှ ကောင်လေးက တင်းခံတယ်။
>> တအောင့်နေတော့ နှစ်ယောက်စလုံး ဘာမှမလုပ်နိုင်၊ မပြောနိုင်ဘဲ
>> ငြင်းခုန်တာနဲ့တင်
>> လက်ပန်းကျကုန်ကြတယ်။ မိနစ်အနည်းငယ်ကြာတော့ အနှိမ်ခံရတဲ့ ကောင်လေးက စကားစတယ်။
>>
>> “မိန်းမရယ်…. နင်ပြောသမျှ မှန်တယ်ထားဦး ငါ့ကိုအနိုင်လိုချင်တဲ့စိတ်နဲ့ပဲ
>> လှပတဲ့ဒီညကို နင်အကျည်းတန်စေတော့မလား?”
>>
>> “ငါ့ကိုအနိုင်လိုချင်တဲ့စိတ်နဲ့ပဲ လှပတဲ့ဒီညကို နင်အကျည်းတန်စေတော့မလား?”
>> ကောင်လေးပြောတဲ့စကားက တိုတိုလေးပါ။ ဒါပေမယ့် “အနိုင်”လိုချင်သူကို
တွေးစရာတွေ
>> အများကြီးပေးလိုက်တယ်။
>>
>> “တချို့အချိန်မှာ မင်းအနိုင်ရတယ်ဆိုပေမယ့် မင်းရှုံးနေပါပြီ” ဒီစကားကို
>> ကျွန်တော်အရမ်းနှစ်သက်မိတယ်။
>>
>> တကယ်လည်း တချို့အချိန်မှာ ကျွန်တော်တို့ အနိုင်ရလိုက်တယ်ဆိုပေမယ့်
>> ခံစားမှုအပိုင်းမှာ ကျွန်တော်တို့ ရှုံးသွားတယ်။ ငြင်းခုန်တဲ့နေရာမှာ
>> ကျွန်တော်တို့နိုင်လိုက်တယ်ဆိုပေမယ့် ဟန်ပန်အမှုအရာမှာ
>> ကျွန်တော်တို့ရှုံးသွားတယ်။ တစ်ဘက်လူကို
>> အနိုင်နဲ့ပိုင်းလိုက်နိုင်တယ်ဆိုပေမယ့် ခင်မင်မှုမှာ
>> ကျွန်တော်တို့ရှုံးသွားတယ်။
>>
>>
>> တစ်ခါတလေ နိုင်တယ်လို့ ကျွန်တော်တို့ထင်ထားတာတွေက တကယ်တမ်းတော့
>> ရှုံးနေတာတွေဖြစ်တယ်။ လူတစ်ယောက် သို့မဟုတ် ပြဿနာတစ်ခုကို ဖြေရှင်းချိန်မှာ
>> “အကျိုးအကြောင်း” ရှိရမယ်။ မျက်ထောင့်နီကြီးနဲ့ လည်ပင်းရိုးတွေထောင်တဲ့အထိ
>> ကျွန်တော်တို့ “အားပြိုင်” နေဖို့မလိုဘူး။
>>
>>
>> “ညှာတာ၊ သင့်မြတ်”တဲ့အပြုအမှုက “ကြမ်းတမ်း၊ သန်မာ”တဲ့ အပြုအမှုထက်
>> လူတွေလက်ခံကြတယ်။
>>
>> လောကကြီးမှာ လူ(၄)မျိုးရှိတယ်။
>>
>>
>> ပထမလူက ကိုယ်ပိုင်ဟန် မရှိသူ၊ ဆင်ခြေတုံတရား နည်းပါးသူ၊ စိတ်သဘောထား
>> မပြည့်ဝသူဖြစ်တယ်။
>>
>> ဒုတိယလူက ကိုယ်ပိုင်ဟန် မရှိသူ၊ ဆင်ခြေတုံတရား နည်းပါးသူ၊ စိတ်သဘောထား
>> ပြည့်ဝသူဖြစ်တယ်။
>> တတိယလူက ကိုယ်ပိုင်ဟန်ရှိတယ်၊ ဆင်ခြေတုံတရားလည်းရှိတယ်၊ ဒါပေမယ့်
>> “တဇွတ်ထိုး”လုပ်တတ်သူဖြစ်တယ်။
>>
>> စတုတ္ထလူက ကိုယ်ပိုင်ဟန်ရှိတယ်၊ ဆင်ခြေတုံတရားရှိတယ်၊ ညင်ညင်သာသာ
>> ပြုမှုပြောဆိုတတ်တယ်။
>> ပထမလူမျိုးက ဘာမှမပိုင်ဆိုင်တဲ့ “သနားစရာ” ပုဂ္ဂိုလ်ဖြစ်တယ်။
>> ဒုတိယလူမျိုးက ကိုယ်ပိုင်ဟန်မရှိတဲ့ “မဆင်မခြင်” ပုဂ္ဂိုလ်ဖြစ်တယ်။
>> တတိယလူမျိုးက လူလူချင်းပေါင်းသင်းဆက်ဆံတဲ့ အနုပညာကိုမသိတဲ့
>> “စက်ရုပ်”ပုဂ္ဂိုလ်ဖြစ်တယ်။
>> စတုတ္ထလူမျိုးက အိန်လ်ဂျယ်နဲ့တူတဲ့ “ချစ်စရာ” ပုဂ္ဂိုလ်ဖြစ်တယ်။
>> စတုတ္ထလူမျိုးကသာ လောကကြီးကို တကယ့်အောင်နိုင်သူဖြစ်တယ်။
No comments:
Post a Comment