Thursday, December 12, 2013

ရီ(ရယ်)စရာလေး(၁)



ဆွေမျိုးတွေအားလုံးချစ်လွန်းလို့ .............မခွဲအတူ....

စိတ်ကျန်းမာရေး ဆေးရုံ၌ ဧည့်တွေ့ချိန် အပြီးဝယ် ဆရာဝန် အသစ်ကလေးက ဝေဒနာရှင်တစ်ဦးအား-
“ခင်ဗျားမှာ ဆွေမျိုးအသိုင်းအဝိုင်း မရှိဘူးလား”
“ရှိတာမှ အများကြီး”
“ဒါနဲ့ ခင်ဗျားကို ဘယ်သူမှ လာမတွေ့ကြပါလား၊ ဘာလဲ ခရီးဝေးလို့လား”
“မဟုတ်ဘူး၊ အားလုံး ဒီဆေးရုံမှာ တက်နေကြလို့”
“ဟိုက်”


ဒီတစ်ခါ ခင်ဗျားအလှည့်.......... :P


အထွေထွေသမားတော်ကြီး တစ်ဦး၏ ဆေးခန်းသို့ နှလုံးရောဂါ အထူးကု ဆရာဝန်ကြီးတစ်ဦး လူနာအဖြစ် ရောက်ရှိလာ၏။
အထွေထွေ ။ ။ ပြော၊ ဘာဖြစ်သလဲ။
နှလုံး ။ ။ ကျွန်တော် ညဘက်ဆို ကောင်းကောင်းအိပ်မပျော်ဘူး ဆရာ။
အထွေထွေ ။ ။ အိပ်ဆေးပေးလိုက်မယ်။ တစ်ည တစ်လုံးသောက်။ ၁၀ ရက်သောက်။ တစ်သောင်းကျတယ်။
နှလုံး ။ ။ ဗျာ၊ ကျွန်တော်လည်း ဆရာဝန်ကြီးတစ်ယောက်ပါဗျာ။ အချင်းချင်း ဒီလောက်အထိ မရိုက်သင့်ပါဘူး။
အထွေထွေ ။ ။ လူတွေ ဘာဖြစ်လို့ နှလုံးရောဂါရသွားကြတာလဲဆို တာ ခင်ဗျားကိုယ်တိုင်သဘောပေါက်သွား အောင်လို့ပါ။ တစ်သောင်းပဲဗျာ။ တစ်သောင်း၊ ကားသစ်လဲစီးဖို့ စီစဉ်ထားတယ်ဗျ။


သြော်မိန်းမ.............. :p
လင်မယားနှစ်ယောက် စကားပြောနေကြရာ
မိန်းမ ။ ။ "ရှင်တို့  ယောက်ျားတွေက ဒီဘက်နားကဝင် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"
ယောက်ျား။ ။ " မင်းတို့ မိန်းမတွေကရော"
မိန်းမ။ ။ " ကျုပ်တို့ ကတော့ ဟိုဘက်နားကဝင်တာရော ဒီဘက်နားက ဝင်တာရော ပါးစပ်ကပဲ ပြန်ထုတ်တာ"

ပြောချင်လွန်းလို့

မြန်မာနိုင်ငံတွင် ဂျပန်များအုပ်စိုးနေသော ဒုတိယကမ္ဘာစစ်အချိန်ကာလဖြစ် သည်။ မြန်မာနိုင်ငံသို့ ရောက်လာသော ဂျပန်စစ်သားတစ်ဦးသည် မြန်မာစကား အလွန်တတ်ချင် သဖြင့် အမြဲလေ့လာလျက်ရှိသည်။ နေ့စဉ်အရပ်သုံး မြန်မာစကားများကို လေ့လာ ကျက်မှတ်သည့်အပြင် အိတ်ဆောင် မှတ်စုစာအုပ်လေးဖြင့်လည်း မြန်မာစကား အသံထွက်များကို ဂျပန်လို ရေးမှတ်ထား လေ့ရှိသည်။ တစ်နေ့တွင် ထိုဂျပန်စစ်သားသည် စက်ဘီးစီးလျှက် မြို့ထဲသို့ ထွက်လာစဉ် လမ်းလျှောက်လာသော မြန်မာတစ်ယောက်ကို မမျှော်လင့်ဘဲ စက်ဘီးနှင့် ဝင်တိုက်မိလေသည်။

အတိုက်ခံရသူမှာ ဘာမှမဖြစ်သော်လည်း ဂျပန်စစ်သားမှာမူ စက်ဘီးရောလူပါ လဲကျသွားသည်။ ထိုအခါ လဲနေရာမှ ချက်ချင်းထကာ သူ၏ မှတ်စုစာအုပ်ကို ထုတ်လျှက် စာရွက်များကို အပြင်းအထန်လှန်နေသည်။ ကိုရွှေမြန်မာမှာမူ သူ့ကို ရေးမှတ်သွားကာ ဖမ်းဆီးမည် ထင်ပြီး ကြောက်လန့်နေ၏ ။ သို့သော် ဂျပန်ကမူ သူ၏စာအုပ်ကိုကြည့်၍ အားရပါးရအော်လိုက်သံကို ကြားရသောအခါ ကိုရွှေမြန်မာမှာ ရယ်ချင်စိတ်ကို မနည်းချုပ်တည်း ထားရလေသည်။ ဂျပန်စစ်သားက မြန်မာစကားမပီတပီဖြင့် အော်လိုက်သည်ကတော “အောင်မလေးဗျ” ဟူသတည်း။

ဘုရားသခင်


ကလေးငယ်တစ်ယောက် သူ၏အဖေကိုမေးနေ၏။
သာ ။ ။ ဖေဖေ ဘုရားသခင်ဟာ အထီးလား အမလားဟင်
အဖေ။ ။ နှစ်မျိုးလုံးသားရဲ့  နှစ်မျိုးလုံး။
ခနအကြာတွင် ပြန်လာမေးပြန်၏။
သား ။ ။ ဖေဖေ ဘုရားသခင်ဟာ အဖြူလား အမဲလားဟင်
အဖေ။ ။ နှစ်မျို့ လုံးပဲသား နှစ်မျိုးလုံး
ကလေးငယ်က တစ်စုံတစ်ရာ သဘောပေါက်သွားဟန်ဖြင့်
။ ။ ဒါဆို မိုက်ကယ်ဂျက်ဆင်က ဘုရားသခင်လားဟင်

No comments:

Post a Comment