ကျေးဇူးရှင်
ကျောက်နီတောရဆရာတော်ဘုရားကြီးသည် ဘုရားရှင်ကိုမြတ်နိုးရာ၌ဖြစ်စေ၊
တရားတော်ကို
ရိုသေအားထားရာ၌ဖြစ်စေ၊ သံဃာတော်ကိုလေးစားရာ၌ဖြစ်စေ၊ သူမတူအောင်ထူးခြားသော ဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်၊
ဆရာတော်ဘုရားကြီးသည် ဘုရားကိုမြတ်နိုးရာတွင်
အများထက်ထူးကဲလျက်ရှိပါသည်၊ သက်တော်ထင်ရှားမြတ်စွာဘုရားအား ညီတော်အာနန်္ဒာမထေရ် လုပ်ကျွေးပြုစုသကဲ့သို့
နေ့စဉ်နှင့်အမျှ ဘုရားရှင်သီတင်းသုံးရာ အိပ်ရာ နေရာ ပြင်ဆင်သည်။နံနက်တိုင်း မျက်နှာသစ်ရေ
ဒန်ပူကပ်လှူသည်။ (ဆွမ်းတော်မတင်ဘဲ ဆွမ်းဘုဉ်းပေးလေ့မရှိပါ။)
ဘုရားရှင် ရုပ်ပွားတော်ကို သင်္ကန်းတော် ခြုံရုံပေး၍
သက်တော်ထင်ရှား ရှိသောလားသို့ အလွန်လေးစားစွာ ပြုစုသည်။ ဘုရားရှင်နှင့်စပ်၍ ၀တ်နိဗတ်မှန်သမျှ
မလစ်လပ်စေရ၊ အလွန်စိတ်ပါလက်ပါ ပြုစုလုပ်ကျွေးခဲ့သည်မှာ အများအသိပင်ဖြစ်သည်။ ဘုရားဝတ်ပြုရလျှင်
စိတ်ဓာတ်ရွှင်ပြကြည်နူးမှုကိုလည်း ရလျက်ရှိပါသည်။
ကျောက်နီတောရဆရာတော်ဘုရားကြီးသည်တရားတော်ကို
အလွန်ရိုသေ အလွန်အားထား တော်မူသည်။ တရားတော်အတိုင်း မိမိကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်တော်မူ၍
အများကိုလည်း တိုက်တွန်းတော်မူလေ့ရှိပါသည်၊ သာမဏေငယ်လေးပင်ဖြစ်စေ၊ မိမိထံရောက်လာသောအခါ
တရားဟောစေ၍ အရှင်မဟာကဿပအလား ရိုသေစွာ တရားကို နာယူလေ့ရှိသည်၊ တရားနာရလျှင် အလွန်ပင်
ကျေနပ်အားရလျှက် ၀မ်းပန်းတသာ သာဓုခေါ်တော်မူလေ့ရှိသည်။
သံဃာတော်ကိုလည်း လေးစားတော်မူသည်၊မိမိထံရောက်လာသည့်
အနေအထိုင်--
ကောင်းသောရဟန်း,သာမဏေများကို
အလွန်ကြည်ညိုတတ်သည့်ပြင် သင်္ကန်း ပရိက်္ခရာများ
လှူဒါန်းပါကကိုယ်တိုင်ဝတ်ဆင်ပေးလေ့ရှိသည်၊
လှူဒါန်းသောအခါမှာလည်း အလှူခံပုဂ်္ဂိုလ်ကို မြင့်မြတ်ရာ၌နေစေလျှက် လက်နှစ်ဖက်ဖြင့် လှူဖွယ်ဝတ်္ထုကို
ကိုင်ပြီးလျှင် ( ဣဒံ မေ ပုညံ အာသ၀က်္ခယံ ၀ဟံ
ဟောတု ) သံသရာဝဋ်တွင်းမှ လွတ်ကင်းလိုကြောင်း ဆုမွန်တောင်း၍ သာဟတ်္ထိကသက်္ကစ်္စဒါနမြောက်လှူဒါန်းတော်မူလေ့ရှိပါသည်။
ကျောက်နီတောရဆရာတော်ဘုရားကြီးသည် သိက်္ခာသီလကိုမြတ်နိုးရာ၌၎င်းင်း၊
ကျင့်ဝတ်များကို
ဖြည့်ကျင့်ရာ၌၎င်းင်း၊ သူမတူအောင် ထူးခြားသော ဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်၊ စာမရီမည်သော
သားကောင်သည် သူ၏မြီးဆံကို အပျက်မခံ အသက်သာ အသေခံသကဲ့သို့၎င်းင်း၊ ယစ်မသည်အဥကိုအပျက်မခံ
အသက်သာ အသေခံသကဲ့သို့၎င်းင်း၊ ဆရာတော်ဘုရားကြီးသည်
မည်သည့်အခါမှ,မည်သည့်အကြောင်းကြောင့်မှ
အကျင့်သီလကို အပျက်မခံခဲ့ပေ၊ သေးငယ်သော အပြစ်ကိုပင်ကြောက်ဖွယ်ရာ ဟုစိတ်ဝယ်မှတ်သားအပြစ်မဖြစ်ရအောင်ရှောင်ရှားတော်မူလေ့ရှိသည်၊
ဝိနည်းကို
အထူးလေးစား အရေးထားတော်မူလေ့ရှိသည်၊ ဆရာတော်ဘုရားကြီး၏ သီလတော်သည်ပွင့်သစ်စ ခရုသင်းအသွင်
ဖြူစင်လျှက်ရှိပေသည်။
ဆရာတော်ဘုရားကြီးသည် ၀ိနည်းလေးစားရုံမျှ
သိက်္ခာသီလပြည့်ဝဖြူစင်ရုံမျှဖြင့် မကျေ--
နပ်သေး ဓုတင်အကျင့်များကိုလည်းမလွတ်တမ်း
ဖြည့်ကျင့်တော်မူလိုက်သေးသည်၊ တထိုင်းတည်း,
တထပ်သာ စားရသော
ဧကာသနိသ်ဓုတင်, တစ်ခွက်တည်းဖြင့်သာ စားရသော ပတ်္တပိဏ်ဓုတင်,
သင်္ကန်းသုံးထည်သာ
ထားရသော တိစီဝရိတ်ဓုတင်, စသောဓုတင်များကိုလည်း ဆန်္ဒ,၀ီရိယ
ထက်ထက်သန်သန်ဖြင့်
ဖြည့်ကျင့်တော်မူပါသည်။
ဤဓုတင်အကျင့်များကြောင့်ဆရာတော်ဘုရားကြီး၏
သီလတော်အရည်အသွေးသည်
စိန်ခြယ်ထားသော
ပတ်္တမြားအသွင် အလွန်ပင် ထူးခြားတောက်ပြောင်လျှက်ရှိပါသည်၊ ဤမျှ---
ထူးချွန်သောသူတော်ကောင်းတို့၏
အရည်အသွေး အပြည့်အ၀တွေ့ရှိရသော ကျေးဇူးရှင်---
ကျောက်နီတောရဆရာတော်ဘုရားကြီးကို
အတူနေတပည့်များကလည်း လေးစားကြရ၏၊
ဒါယကာ,ဒါယိကာမ
များကလည်း အားထားကြ၏၊ ဆရာတော်ဘုရားကြီး၏ဂုဏ်သတင်းကြားရသူ
မည်သူမဆို
ကြည်ညိုမြတ်နိုးကြ အံ့သြချီးကျူးကြပေသည်။
ယောင်္ကျားဇာနည်ကိုရခဲ၏၊ ယောင်္ကျားဇာနည်သည်
လူမျိုးတိုင်းမှာ မပေါ်နိုင်၊
ယောင်္ကျားဇာနည်းရှိသော လူမျိုးသည် ချမ်းသာစွာ
ကြီးပွားတိုးတက်ရ၏- ဟူသော
ဓမ်္မပဒဒေသနာတော်နှင့်အညီ
ဤကျောက်နီတောရဆရားတော်ဘုရားကြီးကို ယောင်္ကျားအာဇာနည်
ဟုဆိုထိုပ်ပါပေသည်၊
ဤမျှ ရခဲသော ယောင်္ကျားဇာနည်ကြီးဖြစ်သော -
ကျောက်နီတောရဆရာတော်ဘုရားကြီးကို မိုင်းသောက်မြို့နယ်၊
သပြေပင်အင်းရွာကြီးတွင်
ဖွားမြင်တော်မူခဲ့သည်၊
(၁၂၅၁-ခု၊ ၀ါဆိုလပြည့်ကျော်- ၁၄ -ရက်၊စနေနေ့သည် ဆရာတော်--
ဘုရားကြီးဖွားမြင်သည့်
ခုနှစ်သက်္ကရာဇ်ဖြစ်သည်။) ခမည်းတော်ဦးလှ+မယ်တော်ဒေါ်ဆေးတို့၏
စတုတ်္ထသားရတနာဖြစ်ပါသည်၊
ကျောက်နီတောရဆရာတော်ဘုရားလောင်းလျှာသူငယ်မောင်ဖွားကို
မိုင်းသောက်
ဘုရားအနောက်တောင်ကျောင်း ဂိုဏ်းထောက် ဆရာတော် ဘုရားကြီးထံ အပ်နှံ၍
ပညာသင်ကြားစေသည်၊
( ၁၂၆၄ )ခုနှစ်တွင် မောင်ဖွားသည် ရှင်သာမဏေဘ၀သို့ရောက်၍
““ရှင်နန်္ဒိယ””
-ဟူသော အမည်သစ်ကို ခံယူကာ ပိဋကတ် အခြေခံစားများကို သင်ယူခဲ့သည်၊
၁၂၄၁- ခုနှစ်၊
ဒုတိယ၀ါဆိုလဆန်း ၁၀ ရက်၊ စနေနေ့တွင် ရှင်နန်္ဒိယသည် တဆင့်တက်၍
ရဟန်းအဖြစ်သို့
ရောက်ခဲ့ပါသည်၊ မိုင်းသောက် အလယ်ကျောင်းဆရာတော်ကြီးသည်
ဥပဇ္ဈာယ်ဆရာဖြစ်တော်မူပါသည်။
ကျေးဇူးရှင်မိဘနှစ်ပါးတို့က ရဟန်းတကာ,ရဟန်းအမ
ပြုလုပ်၍ မိုင်းသောက်မြို့
ရွှေမုဋ္ဌောဘုရားအရှေ့တောင်ထောင့်ရှိ
သိမ်တော်မြတ်တွင် ရဟန်းဖြစ်ခဲ့သည်၊ ရဟန်းသစ်လေး
““ရှင်နန်္ဒိယ””ကို ဥပဇ္ဈယ်ဆရာတော်ကြီးက ““အရှင်ဒေ၀ိန်္ဒာဘိဓဇ””ဟုဘွဲ့သစ်ထပ်မံပေးတော်
မူပါသည်။
အရှင်ဒေ၀ိန်္ဒာဘိဓဇ သည် မိမိ၏ရဟန်းခံပွဲတွင်
ဆရာတော်ဘုရားကြီး၏ အမိန့်အရ
အနုမောဒနာတရားတော်ကို
ဟောကြားခဲ့ပေသည်၊ ရဟန်းဖြစ်လာပြီးနောက် မိုင်းသောက်ဂိုဏ်း,
ဂုဏ်းထောက်ဆရာတော်ကြီးထံ၌
ပရိယတ်္တိစာပေများကို သင်ယူလေ့လာခဲ့ပေသည်၊ ထိုနောက်
တောင်ကြီးမြို့
မင်္ဂလာရာမဂိုဏ်းထောက်ဆရာတော်ထံ၌၎င်းင်း၊ ညောင်ရွှေမြို့ ကျောင်းခမ်းကျောင်း
ဆရာတော် အရှင်သောဘိတအထံ၌၎င်းင်း၊
ပညာသင်ယူ၍ ၀ိနယာဒိနုဂ်္ဂဟစာမေးပွဲတွင်
ပဌမအောင်ပန်းကို
ဆွတ်ခူးရရှိခဲ့လေသည်။
အရှင်ဒေ၀ိန်္ဒာဘိဓဇသည် ၁၂၇၆- ခုနှစ်တွင် မိုင်းသောက်
ငွေတောင်ကျောင်း၌
ကျောင်းဘုန်းကြီးအဖြစ်
ပင့်တင်ကိုးကွယ်ခြင်းကိုခံရပေသည်၊ ငွေတောင်ကျောင်းဘုန်းကြီးဘ၀တွင်
တပည့်ပရိသတ်အား
စာပေသင်ကြားပို့ချပေးရုံမက စာပေအရည်အသွေးတိုးတက်စေရန်
စာပြန်ပွဲကျင်းပ၍
ဆုချချီးမြှင့်ခြင်းဖြင့် ကြိုးပမ်းအားထုတ်တော်မူခဲ့ပေသည်။
အရှင်ဒေ၀ိန်္ဒာဘိဓဇသည် ရဟန်း ( ၅ ) ၀ါအရတွင်
ငွေတောင်ကျောင်းဘုန်းကြီးအဖြစ်
တာဝန်ယူခဲ့ရသဖြင့်
မိမိအတွက် ပရိယတ်ဘက်တွင် အားမလိုအားမရဖြစ်နေသည်၊ သို့အတွက်
အများနှင့်တိုင်ပင်ကာ
မန်္တလေးမြို့ သင်္ဂဇာတိုက်သို့သွားရောက်ပြီး ဆက်လက်ပညာသင်ယူခဲ့သည်၊
သို့သော ကျန်းမာရေးချို့ယွင်းလာသဖြင့်
““လှေကောင်းတုန်း တက်ကျိုး”” ဆိုသကဲ့သို့
ပညာသင်တပိုင်းတစဖြင့်
ငွေတောင်ကျောင်းသို့ ပြန်ခဲ့ရလေသည်၊ ငွေတောင်ကျောင်းတွင်
သီတင်းသုံးနေထိုင်ယင်း
စွဲကပ်လာသော ရောဂါကို ကုသသော်လည်း မပျောက်နိုင်ဘဲသုံးလခန့်-
တိုင်တိုင်
အချိန်ကြာညောင်းလျှက်ရှိသည်၊ ဤတွင် အရှင်ဥတ်္တိယမထေရ်သည် ------
အာဗာဓေ မေ သမုပ်္ပနေ်္န၊ သတိ မေ ဥဒပဇ်္ဇထ။
အာဗာဓော မေ သမုပ်္ပနေ်္နာ၊ ကာလော မေ နပ်္ပမဇ်္ဇိတုံ။-----ဟုမိန့်ဆိုဘိသကဲ့သို့
““ငါ့မှာ ရောဂါစွဲကပ်နေပြီ၊ မေ့နေဖို့အချိန်မဟုတ်-ဟု မိမိကိုယ်ကိုအခါခါသတိပေးလျှက်ရှိသည်၊
နောက်နောင်တွင်
ဤရောဂါထက် ကိလေသာရောဂါက ပိုကြောက်စရာကောင်း၏၊
ဤရောဂါမပျောက်ချင်နေပေ့စေ၊
ကိလေသာရောဂါပျောက်ကြောင်း ဆေးကောင်းမှီဝဲတော့အံ့”” ဟု
ခိုင်မြဲသော
ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်၊ ငွေတောင်ကျောင်းဘုန်းကြီးသည်မိမိ၏ဆုံးဖြစ်ချက်
အတိုင်း မိုင်းသောက်မြို့
အရှေ့တစ်မိုင်ခန့်ဝေးသော တောထဲသို့ တစ်ပါးတည်းထွက်လာခဲ့သည်၊
ဤတွင် ရောဂါဝေဒနာ မသက်သာ,ပြင်းထန်စွာ ခံစားရပြန်သဖြင့်
တပည့်တကာများက
လာရောက်ပင့်ကာ
ငွေတောင်ကျောင်းမှာ ဆေးကုပေးကြပေသည်၊ ဤအကြိမ်တွင်ဆေးတွေ့သဖြင့်
ရောဂါဝေဒနာတစထက်,တစ
သက်သာလာပြီး လုံးဝပျောက်ကင်းသွားပေသည်၊ ထိုအခါတွင်
ရောဂါဝေဒနာဒဏ်ခံခဲ့ရသည်ကို
ပြန်လည်စဉ်းစား သတိသံဝေဂကြီးမားလျှက်ရှိရာ လူသူမနီး
တောမြိုင်ကြီးတွင်
တရာဓမ်္မဖြင့် မွေ့လျှော်ရန် စိတ်အားထက်သန်လျှက်ရှိ၏။
သို့အတွက် ငွေတောင်ကျောင်းကြီးကို တပည့်ကြီးတစ်ပါးအား
လွဲအပ်ခဲ့၍ သပိတ်တစ်လုံး,
သင်္ကန်းသုံးထည်ဖြင့်
မိုင်းသောက်မြို့အရှေ့ကျောက်နီတောရသို့ ထွက်ခွါတော်မူခဲ့သည်။
အချိန်ကား ၁၂၈၈- ခု၊ ၀ါဆိုလဆန်း (၁၀) ရက်နေ့
ညနေပိုင်းတည်း၊ ထိုအခါမှစ၍
““ကျောက်နီတောရဆရာတော်””ဟု တွင်ခဲ့လေသည်၊ သိက်္ခာဝါအားဖြင့်
(၁၆)၀ါရရှိပြီးဖြစ်သည်။
ဆရာတော်ကြီးသည် ကျောက်နီတောရ၌ သီတင်းသုံးသည့်အခါမှစ၍
အသက်ထက်ဆုံး
သတ်သတ်လွတ်ကိုသာ
အမြဲဘုဉ်းပေးတော်မူသည်၊ ဧကာသနိသ်,ပတ်္တပိဏ်ဓုတင်စသည်တို့ကိုလည်း
အမြဲဆောက်တည်တော်မူသည်။
( ၁၃၁၅-
) ခုနှစ်တွင် စတင်ကျင်းပသော ညောင်ရွှေမြို့ ကန်းကြီးပရိယတ်္တိစာသင်တိုက်
ဝိနည်းပြန်ပွဲကြီး၌
ဥက်္ကဋ္ဌမဟာနာယကအဖြစ် ဆောင်ရွက်တော်မူပြီး နှစ်စဉ် ၀ိနည်းပါဠိတော်များကို
ရှေ့ဦးစွာ
ပြန်ဆိုတော်မူသည်။
( ၁၃၁၈- ) ခုနှစ်၊ ပဲခူးမြို့၌ကျင်းပအပ်သောန၀မအကြိမ်ရွှေကျင်ဂိုဏ်းအစည်းအဝေးကြီးမှ
ရွှေကျင်နိကာယ
ရတ်္တညုမဟာနာယကအဖြစ် တင်မြှောက်ခြင်းကို ခံယူရရှိတော်မူခဲ့လေသည်။
ကျေးဇူးရှင် ကျောက်နီတောရဆရာတော်ဘုရားကြီးသည်
တစ်ဆယ့်ခုနှစ်ဝါမှစ၍
လေးဆယ့်ခြောက်နှစ်သို့တိုင်တိုင်
အရည၀ါသီ တောရမှီလျှက် ဂန်္ထဓူရ, ၀ိပဿနာဓူရသာသနာ့ --
တာဝန်များကို
အားကြိုးမာန်တက် ထမ်းရွက်တော်မူသည်၊ သက်တော် ( ၈၃ )နှစ်၊ သိက်္ခာတော်
( ၆၃ ) ၀ါရရှိတော်မူသောအခါ
ခန်္ဓာဝန်ရှိသူတိုင်း မရှောင်ကွင်းနိုင်သောသမုတိမရဏသဘောသို့
လိုက်လျောပြောင်းကြွ
လွန်တော်မူခဲ့သည်။ အချိန်းကား (၁၃၃၄)ခုနှစ်၊ ပြာသိုလဆန်း (၄)ရက်၊
နေ့ပိုင်း
(၂)နာရီ၊(၁၅)မိနစ်အချိန်တည်း။
ဆရာတော်ဘုရားကြီး ရုပ်ပလာပ်တော် ချုပ်ပျောက်ပျက်စီးသွားသော်လည်း
ဆရာတော်ကြီး၏
သီလ,သမာဓိ,ပညာ, ဂုဏ်သတင်းရနံ့တို့သည်ကား ယနေ့တိုင်ထုံသင်း
ကြိုင်ပျံ့လျှက်ရှိပေသည်၊
ရှမ်းပြည်နယ်တောင်တန်းများကိုဖြတ်ကျော်လျှက်မြန်မာပြည်မြေပြန့်သို့ပင်
ရောက်ရှိကြိုင်လှိုင်လျှက်ရှိသည်။
ဆရာတော်ဘုရားကြီး၏ ဂုဏ်တော်,ကျေးဇူးတော်တို့ကား
မေ့နိုင်ဖွယ်မရှိအောင်
ထုထည်ကြီးမားလှပေသည်၊
ဆုံးမတော်မူခဲ့သော သြ၀ါဒတရားတော်များသည်လည်းအများအတွက်
မီးရှူးတန်ဆောင်ကြီးပမာ
ထွန်းလင်းလျှက်သာရှိပါပေသည်။
ဆရာတော်ဘုရားကြီးကို အားကျအတုယူကာ ကျင့်ကြံနေထိုင်ခြင်းဖြင့်၎င်းင်း၊
ဆုံးမတော်မူခဲ့သော သြ၀ါဒတရားများကို လိုက်နာလေးစားခြင်းဖြင့်၎င်းင်း၊
အနန်္တဂုဏ်သခင် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးကို
အသက်ထက်ဆုံး
ကျေးဇူးဆပ်နိုင်ကြပါစေကုန်သတည်း။
ပိုင်းခြားမရ ဂဏန်းမပြနိုင်အောင် ကြီးကျယ်များပြားလှစွာသော
ဆရာတော်ဘုရားကြီး၏
ကျေးဇူးဂုဏ်တွေကို
ထပ်တလဲလဲ အာရုံစွဲကာ ရတနတ်္တယပူဇာ မင်္ဂလာဆင်နွဲ
ယ်္ခုလို
-- အထိမ်းအမှတ်ပူဇော်ပွဲကြီးကို နှစ်စဉ်အမြဲပြုလုပ်လျှက် တက်တက်ကြွကြွခိုင်မာသော
ယုံကြည်ချက်ဖြင့်
ကိုယ်စီကိုယ်စီ မပျက်မကွက်ဘဲအဆက်ဆက်ကျေးဇူးဆပ်နိုင်ပါစေကုန်သတည်း။
No comments:
Post a Comment