Monday, December 16, 2013

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊မိုင်းသောက်မြို့နယ်၊ ရွှေကျင်နိကာယ ရတ်္တညုမဟာနာယက အဘယဒါန အရည၀ါသီ မဟာထေရ် ကျောက်နီတောရ ပထမဆရာတော်ဘုရားကြီး၏ အတ်္ထုပ်္ပတ်္တိ-အကျဉ်း



ကျေးဇူးရှင် ကျောက်နီတောရဆရာတော်ဘုရားကြီးသည် ဘုရားရှင်ကိုမြတ်နိုးရာ၌ဖြစ်စေ၊
တရားတော်ကို ရိုသေအားထားရာ၌ဖြစ်စေ၊ သံဃာတော်ကိုလေးစားရာ၌ဖြစ်စေ၊ သူမတူအောင်ထူးခြားသော ဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်၊

          ဆရာတော်ဘုရားကြီးသည် ဘုရားကိုမြတ်နိုးရာတွင် အများထက်ထူးကဲလျက်ရှိပါသည်၊ သက်တော်ထင်ရှားမြတ်စွာဘုရားအား ညီတော်အာနန်္ဒာမထေရ် လုပ်ကျွေးပြုစုသကဲ့သို့ နေ့စဉ်နှင့်အမျှ ဘုရားရှင်သီတင်းသုံးရာ အိပ်ရာ နေရာ ပြင်ဆင်သည်။နံနက်တိုင်း မျက်နှာသစ်ရေ ဒန်ပူကပ်လှူသည်။  (ဆွမ်းတော်မတင်ဘဲ ဆွမ်းဘုဉ်းပေးလေ့မရှိပါ။)

          ဘုရားရှင် ရုပ်ပွားတော်ကို သင်္ကန်းတော် ခြုံရုံပေး၍ သက်တော်ထင်ရှား ရှိသောလားသို့ အလွန်လေးစားစွာ ပြုစုသည်။ ဘုရားရှင်နှင့်စပ်၍ ၀တ်နိဗတ်မှန်သမျှ မလစ်လပ်စေရ၊ အလွန်စိတ်ပါလက်ပါ ပြုစုလုပ်ကျွေးခဲ့သည်မှာ အများအသိပင်ဖြစ်သည်။ ဘုရားဝတ်ပြုရလျှင် စိတ်ဓာတ်ရွှင်ပြကြည်နူးမှုကိုလည်း ရလျက်ရှိပါသည်။

          ကျောက်နီတောရဆရာတော်ဘုရားကြီးသည်တရားတော်ကို အလွန်ရိုသေ အလွန်အားထား တော်မူသည်။ တရားတော်အတိုင်း မိမိကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်တော်မူ၍ အများကိုလည်း တိုက်တွန်းတော်မူလေ့ရှိပါသည်၊ သာမဏေငယ်လေးပင်ဖြစ်စေ၊ မိမိထံရောက်လာသောအခါ တရားဟောစေ၍ အရှင်မဟာကဿပအလား ရိုသေစွာ တရားကို နာယူလေ့ရှိသည်၊ တရားနာရလျှင် အလွန်ပင် ကျေနပ်အားရလျှက် ၀မ်းပန်းတသာ သာဓုခေါ်တော်မူလေ့ရှိသည်။
         
          သံဃာတော်ကိုလည်း လေးစားတော်မူသည်၊မိမိထံရောက်လာသည့် အနေအထိုင်--
ကောင်းသောရဟန်း,သာမဏေများကို အလွန်ကြည်ညိုတတ်သည့်ပြင် သင်္ကန်း ပရိက်္ခရာများ
လှူဒါန်းပါကကိုယ်တိုင်ဝတ်ဆင်ပေးလေ့ရှိသည်၊ လှူဒါန်းသောအခါမှာလည်း အလှူခံပုဂ်္ဂိုလ်ကို မြင့်မြတ်ရာ၌နေစေလျှက် လက်နှစ်ဖက်ဖြင့် လှူဖွယ်ဝတ်္ထုကို ကိုင်ပြီးလျှင်  ( ဣဒံ မေ ပုညံ အာသ၀က်္ခယံ ၀ဟံ ဟောတု ) သံသရာဝဋ်တွင်းမှ လွတ်ကင်းလိုကြောင်း ဆုမွန်တောင်း၍ သာဟတ်္ထိကသက်္ကစ်္စဒါနမြောက်လှူဒါန်းတော်မူလေ့ရှိပါသည်။

          ကျောက်နီတောရဆရာတော်ဘုရားကြီးသည် သိက်္ခာသီလကိုမြတ်နိုးရာ၌၎င်းင်း၊
ကျင့်ဝတ်များကို ဖြည့်ကျင့်ရာ၌၎င်းင်း၊ သူမတူအောင် ထူးခြားသော ဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်၊ စာမရီမည်သော သားကောင်သည် သူ၏မြီးဆံကို အပျက်မခံ အသက်သာ အသေခံသကဲ့သို့၎င်းင်း၊              ယစ်မသည်အဥကိုအပျက်မခံ အသက်သာ အသေခံသကဲ့သို့၎င်းင်း၊ ဆရာတော်ဘုရားကြီးသည်
မည်သည့်အခါမှ,မည်သည့်အကြောင်းကြောင့်မှ အကျင့်သီလကို အပျက်မခံခဲ့ပေ၊ သေးငယ်သော အပြစ်ကိုပင်ကြောက်ဖွယ်ရာ ဟုစိတ်ဝယ်မှတ်သားအပြစ်မဖြစ်ရအောင်ရှောင်ရှားတော်မူလေ့ရှိသည်၊
ဝိနည်းကို အထူးလေးစား အရေးထားတော်မူလေ့ရှိသည်၊ ဆရာတော်ဘုရားကြီး၏ သီလတော်သည်ပွင့်သစ်စ ခရုသင်းအသွင် ဖြူစင်လျှက်ရှိပေသည်။  
          ဆရာတော်ဘုရားကြီးသည် ၀ိနည်းလေးစားရုံမျှ သိက်္ခာသီလပြည့်ဝဖြူစင်ရုံမျှဖြင့် မကျေ--
နပ်သေး ဓုတင်အကျင့်များကိုလည်းမလွတ်တမ်း ဖြည့်ကျင့်တော်မူလိုက်သေးသည်၊ တထိုင်းတည်း,
တထပ်သာ စားရသော ဧကာသနိသ်ဓုတင်, တစ်ခွက်တည်းဖြင့်သာ စားရသော ပတ်္တပိဏ်ဓုတင်,
သင်္ကန်းသုံးထည်သာ ထားရသော တိစီဝရိတ်ဓုတင်, စသောဓုတင်များကိုလည်း ဆန်္ဒ,၀ီရိယ
ထက်ထက်သန်သန်ဖြင့် ဖြည့်ကျင့်တော်မူပါသည်။
          ဤဓုတင်အကျင့်များကြောင့်ဆရာတော်ဘုရားကြီး၏ သီလတော်အရည်အသွေးသည်
စိန်ခြယ်ထားသော ပတ်္တမြားအသွင် အလွန်ပင် ထူးခြားတောက်ပြောင်လျှက်ရှိပါသည်၊ ဤမျှ---
ထူးချွန်သောသူတော်ကောင်းတို့၏ အရည်အသွေး အပြည့်အ၀တွေ့ရှိရသော ကျေးဇူးရှင်---
ကျောက်နီတောရဆရာတော်ဘုရားကြီးကို အတူနေတပည့်များကလည်း လေးစားကြရ၏၊
ဒါယကာ,ဒါယိကာမ များကလည်း အားထားကြ၏၊ ဆရာတော်ဘုရားကြီး၏ဂုဏ်သတင်းကြားရသူ
မည်သူမဆို ကြည်ညိုမြတ်နိုးကြ အံ့သြချီးကျူးကြပေသည်။
          ယောင်္ကျားဇာနည်ကိုရခဲ၏၊ ယောင်္ကျားဇာနည်သည် လူမျိုးတိုင်းမှာ မပေါ်နိုင်၊
          ယောင်္ကျားဇာနည်းရှိသော လူမျိုးသည် ချမ်းသာစွာ ကြီးပွားတိုးတက်ရ၏- ဟူသော
ဓမ်္မပဒဒေသနာတော်နှင့်အညီ ဤကျောက်နီတောရဆရားတော်ဘုရားကြီးကို ယောင်္ကျားအာဇာနည်
ဟုဆိုထိုပ်ပါပေသည်၊ ဤမျှ ရခဲသော ယောင်္ကျားဇာနည်ကြီးဖြစ်သော -
          ကျောက်နီတောရဆရာတော်ဘုရားကြီးကို မိုင်းသောက်မြို့နယ်၊ သပြေပင်အင်းရွာကြီးတွင်
ဖွားမြင်တော်မူခဲ့သည်၊ (၁၂၅၁-ခု၊ ၀ါဆိုလပြည့်ကျော်- ၁၄ -ရက်၊စနေနေ့သည် ဆရာတော်--
ဘုရားကြီးဖွားမြင်သည့် ခုနှစ်သက်္ကရာဇ်ဖြစ်သည်။) ခမည်းတော်ဦးလှ+မယ်တော်ဒေါ်ဆေးတို့၏
စတုတ်္ထသားရတနာဖြစ်ပါသည်၊ ကျောက်နီတောရဆရာတော်ဘုရားလောင်းလျှာသူငယ်မောင်ဖွားကို
မိုင်းသောက် ဘုရားအနောက်တောင်ကျောင်း ဂိုဏ်းထောက် ဆရာတော် ဘုရားကြီးထံ အပ်နှံ၍
ပညာသင်ကြားစေသည်၊ ( ၁၂၆၄ )ခုနှစ်တွင် မောင်ဖွားသည် ရှင်သာမဏေဘ၀သို့ရောက်၍
““ရှင်နန်္ဒိယ”” -ဟူသော အမည်သစ်ကို ခံယူကာ ပိဋကတ် အခြေခံစားများကို သင်ယူခဲ့သည်၊
၁၂၄၁- ခုနှစ်၊ ဒုတိယ၀ါဆိုလဆန်း ၁၀ ရက်၊ စနေနေ့တွင် ရှင်နန်္ဒိယသည် တဆင့်တက်၍
ရဟန်းအဖြစ်သို့ ရောက်ခဲ့ပါသည်၊ မိုင်းသောက် အလယ်ကျောင်းဆရာတော်ကြီးသည်
ဥပဇ္ဈာယ်ဆရာဖြစ်တော်မူပါသည်။
          ကျေးဇူးရှင်မိဘနှစ်ပါးတို့က ရဟန်းတကာ,ရဟန်းအမ ပြုလုပ်၍ မိုင်းသောက်မြို့
ရွှေမုဋ္ဌောဘုရားအရှေ့တောင်ထောင့်ရှိ သိမ်တော်မြတ်တွင် ရဟန်းဖြစ်ခဲ့သည်၊ ရဟန်းသစ်လေး
““ရှင်နန်္ဒိယ””ကို ဥပဇ္ဈယ်ဆရာတော်ကြီးက ““အရှင်ဒေ၀ိန်္ဒာဘိဓဇ””ဟုဘွဲ့သစ်ထပ်မံပေးတော်
မူပါသည်။
          အရှင်ဒေ၀ိန်္ဒာဘိဓဇ သည် မိမိ၏ရဟန်းခံပွဲတွင် ဆရာတော်ဘုရားကြီး၏ အမိန့်အရ
အနုမောဒနာတရားတော်ကို ဟောကြားခဲ့ပေသည်၊ ရဟန်းဖြစ်လာပြီးနောက် မိုင်းသောက်ဂိုဏ်း,
ဂုဏ်းထောက်ဆရာတော်ကြီးထံ၌ ပရိယတ်္တိစာပေများကို သင်ယူလေ့လာခဲ့ပေသည်၊ ထိုနောက်
တောင်ကြီးမြို့ မင်္ဂလာရာမဂိုဏ်းထောက်ဆရာတော်ထံ၌၎င်းင်း၊ ညောင်ရွှေမြို့ ကျောင်းခမ်းကျောင်း
ဆရာတော် အရှင်သောဘိတအထံ၌၎င်းင်း၊ ပညာသင်ယူ၍ ၀ိနယာဒိနုဂ်္ဂဟစာမေးပွဲတွင်
ပဌမအောင်ပန်းကို ဆွတ်ခူးရရှိခဲ့လေသည်။
          အရှင်ဒေ၀ိန်္ဒာဘိဓဇသည် ၁၂၇၆- ခုနှစ်တွင် မိုင်းသောက် ငွေတောင်ကျောင်း၌
ကျောင်းဘုန်းကြီးအဖြစ် ပင့်တင်ကိုးကွယ်ခြင်းကိုခံရပေသည်၊ ငွေတောင်ကျောင်းဘုန်းကြီးဘ၀တွင်
တပည့်ပရိသတ်အား စာပေသင်ကြားပို့ချပေးရုံမက စာပေအရည်အသွေးတိုးတက်စေရန်
စာပြန်ပွဲကျင်းပ၍ ဆုချချီးမြှင့်ခြင်းဖြင့် ကြိုးပမ်းအားထုတ်တော်မူခဲ့ပေသည်။
          အရှင်ဒေ၀ိန်္ဒာဘိဓဇသည် ရဟန်း ( ၅ ) ၀ါအရတွင် ငွေတောင်ကျောင်းဘုန်းကြီးအဖြစ်
တာဝန်ယူခဲ့ရသဖြင့် မိမိအတွက် ပရိယတ်ဘက်တွင် အားမလိုအားမရဖြစ်နေသည်၊ သို့အတွက်
အများနှင့်တိုင်ပင်ကာ မန်္တလေးမြို့ သင်္ဂဇာတိုက်သို့သွားရောက်ပြီး ဆက်လက်ပညာသင်ယူခဲ့သည်၊
သို့သော ကျန်းမာရေးချို့ယွင်းလာသဖြင့် ““လှေကောင်းတုန်း တက်ကျိုး”” ဆိုသကဲ့သို့
ပညာသင်တပိုင်းတစဖြင့် ငွေတောင်ကျောင်းသို့ ပြန်ခဲ့ရလေသည်၊ ငွေတောင်ကျောင်းတွင်
သီတင်းသုံးနေထိုင်ယင်း စွဲကပ်လာသော ရောဂါကို ကုသသော်လည်း မပျောက်နိုင်ဘဲသုံးလခန့်-
တိုင်တိုင် အချိန်ကြာညောင်းလျှက်ရှိသည်၊ ဤတွင် အရှင်ဥတ်္တိယမထေရ်သည် ------
          အာဗာဓေ မေ သမုပ်္ပနေ်္န၊ သတိ မေ ဥဒပဇ်္ဇထ။
          အာဗာဓော မေ သမုပ်္ပနေ်္နာ၊ ကာလော မေ နပ်္ပမဇ်္ဇိတုံ။-----ဟုမိန့်ဆိုဘိသကဲ့သို့
““ငါ့မှာ ရောဂါစွဲကပ်နေပြီ၊ မေ့နေဖို့အချိန်မဟုတ်-ဟု မိမိကိုယ်ကိုအခါခါသတိပေးလျှက်ရှိသည်၊
နောက်နောင်တွင် ဤရောဂါထက် ကိလေသာရောဂါက ပိုကြောက်စရာကောင်း၏၊
ဤရောဂါမပျောက်ချင်နေပေ့စေ၊ ကိလေသာရောဂါပျောက်ကြောင်း ဆေးကောင်းမှီဝဲတော့အံ့”” ဟု
ခိုင်မြဲသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်၊ ငွေတောင်ကျောင်းဘုန်းကြီးသည်မိမိ၏ဆုံးဖြစ်ချက်
အတိုင်း မိုင်းသောက်မြို့ အရှေ့တစ်မိုင်ခန့်ဝေးသော တောထဲသို့ တစ်ပါးတည်းထွက်လာခဲ့သည်၊
          ဤတွင် ရောဂါဝေဒနာ မသက်သာ,ပြင်းထန်စွာ ခံစားရပြန်သဖြင့် တပည့်တကာများက
လာရောက်ပင့်ကာ ငွေတောင်ကျောင်းမှာ ဆေးကုပေးကြပေသည်၊ ဤအကြိမ်တွင်ဆေးတွေ့သဖြင့်
ရောဂါဝေဒနာတစထက်,တစ သက်သာလာပြီး လုံးဝပျောက်ကင်းသွားပေသည်၊ ထိုအခါတွင်
ရောဂါဝေဒနာဒဏ်ခံခဲ့ရသည်ကို ပြန်လည်စဉ်းစား သတိသံဝေဂကြီးမားလျှက်ရှိရာ လူသူမနီး
တောမြိုင်ကြီးတွင် တရာဓမ်္မဖြင့် မွေ့လျှော်ရန် စိတ်အားထက်သန်လျှက်ရှိ၏။
          သို့အတွက် ငွေတောင်ကျောင်းကြီးကို တပည့်ကြီးတစ်ပါးအား လွဲအပ်ခဲ့၍ သပိတ်တစ်လုံး,
သင်္ကန်းသုံးထည်ဖြင့် မိုင်းသောက်မြို့အရှေ့ကျောက်နီတောရသို့ ထွက်ခွါတော်မူခဲ့သည်။
          အချိန်ကား ၁၂၈၈- ခု၊ ၀ါဆိုလဆန်း (၁၀) ရက်နေ့ ညနေပိုင်းတည်း၊ ထိုအခါမှစ၍
““ကျောက်နီတောရဆရာတော်””ဟု တွင်ခဲ့လေသည်၊ သိက်္ခာဝါအားဖြင့် (၁၆)၀ါရရှိပြီးဖြစ်သည်။
          ဆရာတော်ကြီးသည် ကျောက်နီတောရ၌ သီတင်းသုံးသည့်အခါမှစ၍ အသက်ထက်ဆုံး
သတ်သတ်လွတ်ကိုသာ အမြဲဘုဉ်းပေးတော်မူသည်၊ ဧကာသနိသ်,ပတ်္တပိဏ်ဓုတင်စသည်တို့ကိုလည်း
အမြဲဆောက်တည်တော်မူသည်။
( ၁၃၁၅- ) ခုနှစ်တွင် စတင်ကျင်းပသော ညောင်ရွှေမြို့ ကန်းကြီးပရိယတ်္တိစာသင်တိုက်
ဝိနည်းပြန်ပွဲကြီး၌ ဥက်္ကဋ္ဌမဟာနာယကအဖြစ် ဆောင်ရွက်တော်မူပြီး နှစ်စဉ် ၀ိနည်းပါဠိတော်များကို
ရှေ့ဦးစွာ ပြန်ဆိုတော်မူသည်။
          ( ၁၃၁၈- ) ခုနှစ်၊ ပဲခူးမြို့၌ကျင်းပအပ်သောန၀မအကြိမ်ရွှေကျင်ဂိုဏ်းအစည်းအဝေးကြီးမှ
ရွှေကျင်နိကာယ ရတ်္တညုမဟာနာယကအဖြစ် တင်မြှောက်ခြင်းကို ခံယူရရှိတော်မူခဲ့လေသည်။
          ကျေးဇူးရှင် ကျောက်နီတောရဆရာတော်ဘုရားကြီးသည် တစ်ဆယ့်ခုနှစ်ဝါမှစ၍
လေးဆယ့်ခြောက်နှစ်သို့တိုင်တိုင် အရည၀ါသီ တောရမှီလျှက် ဂန်္ထဓူရ, ၀ိပဿနာဓူရသာသနာ့ --
တာဝန်များကို အားကြိုးမာန်တက် ထမ်းရွက်တော်မူသည်၊ သက်တော် ( ၈၃ )နှစ်၊ သိက်္ခာတော်
( ၆၃ ) ၀ါရရှိတော်မူသောအခါ ခန်္ဓာဝန်ရှိသူတိုင်း မရှောင်ကွင်းနိုင်သောသမုတိမရဏသဘောသို့
လိုက်လျောပြောင်းကြွ လွန်တော်မူခဲ့သည်။ အချိန်းကား (၁၃၃၄)ခုနှစ်၊ ပြာသိုလဆန်း (၄)ရက်၊
နေ့ပိုင်း (၂)နာရီ၊(၁၅)မိနစ်အချိန်တည်း။
          ဆရာတော်ဘုရားကြီး ရုပ်ပလာပ်တော် ချုပ်ပျောက်ပျက်စီးသွားသော်လည်း
ဆရာတော်ကြီး၏ သီလ,သမာဓိ,ပညာ, ဂုဏ်သတင်းရနံ့တို့သည်ကား ယနေ့တိုင်ထုံသင်း
ကြိုင်ပျံ့လျှက်ရှိပေသည်၊ ရှမ်းပြည်နယ်တောင်တန်းများကိုဖြတ်ကျော်လျှက်မြန်မာပြည်မြေပြန့်သို့ပင်
ရောက်ရှိကြိုင်လှိုင်လျှက်ရှိသည်။
          ဆရာတော်ဘုရားကြီး၏ ဂုဏ်တော်,ကျေးဇူးတော်တို့ကား မေ့နိုင်ဖွယ်မရှိအောင်
ထုထည်ကြီးမားလှပေသည်၊ ဆုံးမတော်မူခဲ့သော သြ၀ါဒတရားတော်များသည်လည်းအများအတွက်
မီးရှူးတန်ဆောင်ကြီးပမာ ထွန်းလင်းလျှက်သာရှိပါပေသည်။
          ဆရာတော်ဘုရားကြီးကို အားကျအတုယူကာ ကျင့်ကြံနေထိုင်ခြင်းဖြင့်၎င်းင်း၊
          ဆုံးမတော်မူခဲ့သော သြ၀ါဒတရားများကို လိုက်နာလေးစားခြင်းဖြင့်၎င်းင်း၊
          အနန်္တဂုဏ်သခင် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးကို အသက်ထက်ဆုံး
ကျေးဇူးဆပ်နိုင်ကြပါစေကုန်သတည်း။
          ပိုင်းခြားမရ ဂဏန်းမပြနိုင်အောင် ကြီးကျယ်များပြားလှစွာသော ဆရာတော်ဘုရားကြီး၏
ကျေးဇူးဂုဏ်တွေကို ထပ်တလဲလဲ အာရုံစွဲကာ ရတနတ်္တယပူဇာ မင်္ဂလာဆင်နွဲ
ယ်္ခုလို -- အထိမ်းအမှတ်ပူဇော်ပွဲကြီးကို နှစ်စဉ်အမြဲပြုလုပ်လျှက် တက်တက်ကြွကြွခိုင်မာသော
ယုံကြည်ချက်ဖြင့် ကိုယ်စီကိုယ်စီ မပျက်မကွက်ဘဲအဆက်ဆက်ကျေးဇူးဆပ်နိုင်ပါစေကုန်သတည်း။

Sunday, December 15, 2013

အစားထိုးမရတဲ့ နာကျင်မှု






သူက အဖမဲ့သား အမေနဲ့ပဲ ကြီးပြင်းခဲ့သူဖြစ်တယ်။ မူလတန်းကစ အထက်တန်းပြီးတဲ့အထိ အမေရဲ့ပြုစုပျိုးထောင်မှုအောက်မှာ သူကြီးပြင်းခဲ့တယ်။ သူကြိုးစားခဲ့တယ်။ ပထမအဆင့်မှာ သူအမြဲ ရှိနေခဲ့တယ်။ အမေက သူ့ကိုချစ်လွန်းလို့ အိမ်အလုပ်တောင် ပေးမလုပ်ဘဲ ပညာကို သင်ယူစေခဲ့တယ်။ သူ့ကျောင်းစရိတ်အတွက် အမေ အလုပ်တွေပိုလုပ်ခဲ့တယ်။ အမေပင်ပန်းတာကို ကြည့်ပြီး သူ့ရင်ထဲမှာ သံဓိဌာန်တစ်ခုချခဲ့တယ်။ စာကြိုးစားမယ်၊ ပညာတတ်ကြီး ဖြစ်ရင် အမေ့ကိုတစ်လှည့် ပြုစုမယ်လို့.....

အဲဒီနောက် သူ့ကြိုးစားမှုနဲ့ ရည်မှန်းထားတဲ့ တက္ကသိုလ်ကို သူတက်ခွင့်ရခဲ့တယ်။ အမေက မိုင်ပေါင်းများစွာဝေးတဲ့ သူ့အဆောင်ကို ရထားတစ်တန်၊ ကားတစ်တန်စီးပြီး လာကြည့်ခဲ့တယ်။ သူကြိုက်တဲ့ အစားကောင်းတွေ ယူလာပေးခဲ့တယ်။ သူ့အဝတ်တွေ လျှော်ပေးခဲ့တယ်။ သန့်ရှင်းရေးတွေ လုပ်ပေးခဲ့တယ်။ အိမ်မပြန်ခင် အမေကသူ့ကို "အဆောင်ကကျွေးတဲ့ ထမင်းဟင်းတွေ စားမကောင်းရင် ဝယ်စားနော်သား၊ ပိုက်ဆံတွေ ချွေတာသုံးစရာမလိုဘူး။ အမေအသက်ကြီးပြီး ပိုက်ဆံများများ မလိုတော့ဘူး" လို့ မှာတတ်တယ်။ အမေမျက်နှာပေါ်က အရစ်ကြောင်းနဲ့ ဆံဖြူတွေကိုကြည့်ရင်း သူအဓိဌာန် ချမိပြန်တယ်။ အလုပ်ကောင်းကောင်းရှာပြီး အမေ့ကို ကျေးဇူးဆပ်မယ်လို့...

ရာသီအလီလီပြောင်းလို့ သူကျောင်းပြီး အလုပ်ရသွားခဲ့ပြီ။ စိတ်ကူးအိပ်မက်ထဲက လက်တွဲဖော်ချစ်သူနဲ့ သူ့ဘဝက အစစအရာရာ ပြည့်စုံနေခဲ့တယ်။ မရင်းနှီးတဲ့ မြို့ပြတစ်ခုမှာ အခြေစိုက်ရပ်တည်ရင်း သူအလုပ်ကြိုးစားခဲ့တယ်။ တစ်နှစ်တစ်ခါ နှစ်ကူးမှ အမေ့အိမ်ကို သူတစ်ခေါက် ပြန်နိုင်ခဲ့တယ်။ အမေ့အိမ်ရောက်တိုင်း အမေက "သား.. သားအလုပ်စလုပ်တာ မကြာသေးဘူး။ ဘယ်လောက်မှ စုဆောင်းမိသေးမှာ မဟုတ်ဘူး။ အိမ်ပြန်ရင် ကားခက ဈေးကြီးသဘိနဲ့။ ဟိုမှာ လုပ်စရာရှိတာလုပ်ပါ။ အမေနေကောင်းကျန်းမာပါတယ်.. သားစိတ်ချပါ"

အမေ့စကားနားထောင်ပြီး သူ့စိတ်ထဲမှာ "အလုပ်ကောင်းကောင်းလုပ် ရာထူးတွေတိုးမှ အမေငါ့ကို မွေးရကျိုးနပ်မှာ" လို့ တွေးထင်ပြီး အလုပ်တွေ ပိုကြိုးစားခဲ့တယ်။ တစ်လတစ်ခါ အမေ့ကို ငွေပို့ပေးပြီး တစ်နှစ်မှတစ်ကြိမ် အိမ်ပြန်ဖြစ်ခဲ့တယ်။ သူ့ရဲ့ကြိုးစားမှုကြောင့် ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကားတွေ သူပိုင်ဆိုင်လာခဲ့တယ်။ ဒိ့ထက်ငွေတွေရှာပြီး အမေ့အတွက် တိုက်တစ်လုံးဝယ်မယ်၊ အမေ့ကိုသူနဲ့ပဲ လာနေစေတော့မယ်လို့ သူအဓိဌာန်ချမိပြန်တယ်။

အဲဒီလိုနဲ့ တစ်နေ့မှာ အမေအသည်းအသန်ဖြစ်တဲ့ အကြောင်းကြားစာတစ်စောင် သူ့ဆီ ရောက်လာခဲ့တယ်။ သူစိတ်တွေလှုပ်ရှားပြီး အမေ့အိမ်ကို မြန်မြန်ဆန်ဆန်ရောက်သွားချိန် အမေစကားတစ်ခွန်းမှ မပြောနိုင်တော့ဘူး။ အချိန်မီရောက်လာတဲ့ သူ့လက်ကို အမေဆုတ်ကိုင်ပြီး ခပ်ဖွဖွလေး ပြုံးပြတယ်။ အဲဒီနောက် အပြုံးနဲ့ အမေထာဝရ အိပ်စက်သွားခဲ့တယ်။

သူ့ရင်တွေ နာကျင်နေမိတယ်။ အမေ့ကို မပြုစု၊ ကျေးဇူးမဆပ်လိုက်ရခင် သူ့အပါးကနေ အမေထာဝရ ထွက်သွားခဲ့တဲ့အတွက် သူနောင်တရမိတယ်။ သူ့မွေးနေ့တွေ အကြိမ်ကြိမ်ကျင်းပခဲ့ဖူးပေမယ့် အမေ့မွေးနေ့ကို သူတစ်ခါမှ မကျင်းပပေးခဲ့ဖူးဘူး။ အဝတ်တစ်စုံ ဝယ်မပေးခဲ့ဖူးဘူး။ အမေနဲ့အတူ လမ်းမလျှောက်ခဲ့ဖူးဘူး။ အမေ့ကျန်းမာရေးကို မမေးခဲ့ဖူးဘူး။ ဒါတွေ သူလုပ်နိုင်ရက်နဲ့ သူမလုပ်ခဲ့မိဘူး။

နာကျင်ခြင်းတစ်မျိုးက ဘယ်လိုမှ အစားထိုးလို့မရဘူး။ ကိုယ်သတိရ၊ အသိစိတ်ဝင်တဲ့အချိန် အရမ်းနှောင်းသွားခဲ့ပြီ။ မိဘတွေက သားသမီးတွေဆီကနေ ဘာငွေကြေး၊ ဘာလက်ဆောင်မှ မမျှော်လင့်တတ်ကြဘူး။ ဒါပေမယ့် သားသမီးတွေက သူတို့ကို မကြာခဏ အဖော်ပြုမယ်၊ အိမ်ပြန်မယ်၊ ချွေးထွက်ချိန် ကမ်းလိုက်တဲ့ ပုဝါပါး၊ လမ်းဖြတ်ကူးချိန် ဖေးမလိုက်တဲ့ လက်တစ်စုံ၊ မွေးနေ့မှာ တောင်းဆုပြုတဲ့ စကားတစ်ခွန်းက မိဘတွေရဲ့ ရင်ကို ပိုနွေးထွေးစေပါတယ်။ မိဘတွေကျန်းမာဆဲ၊ မိဘတွေ ဒီကမ္ဘာမြေပေါ်ကနေ ထွက်မသွားခင်တုန်းမှာ သူတို့နဲ့အတူနေတဲ့ တစ်စက္ကန့်၊ တစ်မိနစ် အချိန်ကို တန်ဖိုးထားပေးပါ။ အဖော်ပြုပေးကြပါ။



တုန့်ပြန်မှုကို မျှော်လင့်သူ... အမေ





ချစ်လှစွာသော သမီးငယ်…
ချစ်သူမွေးနေ့အတွက် ဒီနေ့ ကျောင်းစောစောဆင်းပြီး လက်ဆောင်သွားဝယ်မယ်လို့ သမီးငယ် ပြောခဲ့တယ်နော်။ အမေ့မွေးနေ့မှာ လက်ဆောင်ပေးဖို့ ဘာလို့မေ့ခဲ့သလဲလို့ အမေမေးတော့ သမီးငယ်က စိတ်တိုတယ်။

“တစ်ခြားလူတွေရဲ့ မေမေက ဘယ်တော့မှ သားသမီးဆီက လက်ဆောင်ကို မမျှော်လင့်ကြဘူး။ အမေလို မကျေနပ်တာတွေ တတွတ်တွတ် ရွတ်ဖို့ဝေးလို့ သူတို့မေမေက သူတို့ကို ချစ်လို့တောင် မဝကြဘူး။ ချစ်သူနဲ့ မိသားစု နှိုင်းလို့ဘယ်ရမလဲ”

သမီးငယ်… ဒီအချိန်မှာ ဒါတွေကို သမီးငယ် နားလည်သေးမှာ မဟုတ်ဘူး။ မိခင်တစ်ဦးဟာ တော်ရုံစိတ်ဆင်းရဲမှုမျိုးကို မဖွင့်ဟတတ်ဘူး။ တစ်ယောက်တည်းပဲ ကျိတ်မှိတ်ခံတယ်။ သားသမီးတွေရဲ့ အပြုံးမျက်နှာပေါ်မှာ သူ့အပူအပင်တွေကို မလောင်းရက်ခဲ့ဘူး။ သမီးငယ်ပြောလို မေမေဟာ တစ်ခြားမိခင်တွေလို မြင့်မြတ်ရမယ်၊ ကိုယ်ချင်းစာတရား ရှိရမယ်တယ်ဆိုတဲ့ ဝေါဟာရကို မေမေတာဝန်မယူရဲဘူး သမီး။

ဘုရားသခင်က မေမေကို “မိခင်” ဆိုတဲ့အမည် ပေးလိုက်တာနဲ့ အမြဲတမ်း၊ အချိန်တိုင်း သတ္တိရှိရမယ်၊ ရဲရင့်ရမယ်၊ မြင့်မြတ်ရမယ်၊ ပေးဆပ်ရမယ်၊ နောင်တမဲ့ရမယ်လို့ မေမေ့ကို မတောင်းဆိုထားဘူး။ ဘုရားသခင်က မေမေကို အမျိုးသမီးတိုင်းမှာရှိတဲ့ အားငယ်တာ၊ ထိခိုက်လွယ်တာ၊ မာန်တက်တာ၊ တစ်ကိုယ်ကောင်းဆန်တာတွေပါ ပေးခဲ့တယ်။ ဒါကြောင့် သမီးဖက်က ပေးဆပ်သင့်တာတွေ မပေးဘဲ မေမေဖက်ကချည်း အတိုင်းဆမဲ့ ပေးဆပ်ရမယ်လို့ သမီးမတောင်းဆိုသင့်ဘူး။

အားရက်တိုင်းမှာ သမီးငယ်က ကိုယ့်အတွက်နဲ့ အလုပ်များခဲ့တယ်။ “အချစ်” က သမီးဘဝဖြစ်ခဲ့တယ်။ ချစ်သူနဲ့ပြောခဲ့တဲ့ စကားတိုင်းကို သမီးစွဲမြဲမှတ်ထားပြီး တစ်ခါတလေမှာ အဲဒီစကားတွေနဲ့ အပူတွေကို သမီးရှာခဲ့တယ်။ သမီးစိတ်ထိခိုက်လို့ ပြောလိုက်တဲ့ စကားတွေက အမေ့ကိုလည်း စိတ်မချမ်းမြေ့စေဘူးဆိုတာ သမီးမေ့ခဲ့ပြီလား?

ကျောင်းပြေးပြီး ချစ်သူနဲ့ သမီးလျှောက်လည်တယ်။ ပြောမကုန်တဲ့ စကားတွေပြောတယ်။ ဒါပေမယ့် ဒီလိုအားရက်တိုလေးမှာ မေမေလည်း သမီးအဖော်ပြုတာကို လိုချင်တယ်ဆိုတာကို သမီးတစ်ခါမှ မတွေးခဲ့ဘူးနော်။ အင်တာနက်တက်မယ်၊ ချစ်သူနဲ့ဖုန်းပြောမယ်၊ သူငယ်ချင်းအိမ်သွားမယ်နဲ့ မေမေ့အတွက် သမီးရဲ့အချိန်တွေ ဘယ်လောက်ခွဲပေးခဲ့ပြီလဲ?

တစ်လကို ဖုန်းကြေးဘယ်လောက်ဆိုပြီး အမေကို မကျေမနပ်နဲ့ သမီးရွတ်ပြတတ်သေးတယ်။ အမေလည်း မကျေမနပ်ပြောရရင် အမေအတွက် သမီးဘယ်လောက် ကုန်ကျခဲ့ဖူးလဲ? ဖုန်းနဲ့ ရယ်ရွှင်စရာစာတိုလေးတွေပို့ပြီး ချစ်သူကို ပျော်ရွှင်အောင် သမီးလုပ်ခဲ့တယ်။ သမီးကိုလွမ်းနေမယ့် အမေအတွက် နှစ်သိမ့်တဲ့ စာတိုလေးတစ်ကြောင်း ရေးပို့ဖို့ သမီးသတိရခဲ့ရဲ့လား?

သမီးက ငယ်ငယ်လေးတည်းက အမေ့ကို အစောကြီး ထမင်းထချက်ခိုင်းပြီး၊ ဟင်းမကောင်းလို့ ထမင်းမစားဘဲ ငြင်းဆန်ခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်သူပါ။ ကျောင်းဆင်းချိန် အမေကိုလာကြိုဖို့ပြောပြီး သူငယ်ချင်းတွေနဲ့ နေဝင်မိုးချုပ်ထိ လျှောက်လည်ခဲ့တယ်။ ညအမှောင် လမ်းကြိုလမ်းကြားမကျန် သမီးနာမည်ကို တကြော်ကြော်အော်ပြီး အမေလိုက်ရှာခဲ့တာကို သမီးသိလား?

ညအိပ်ရာမဝင်ခင် နွားနို့ပူပူလေးတစ်ခွက်ကို သမီးသောက်နေချိန်မှာ မေမေရဲ့အကြင်နာတွေကို သမီးသတိရရဲ့လား? နွားနို့ထည့်ပေးဖို့ မေမေမေ့သွားတဲ့ညက မေမေ့ကို သမီးစကားမပြောခဲ့ဘူးနော်။

စာမေးပွဲ မဖြေခင်မှာလည်း မေမေ့ကို မစာနာဘဲ ပြောသေးတယ်။

“ဒီတစ်ခေါက် သိပ်ဖြေနိုင်မှာ မဟုတ်ဘူး။ ကျွန်မအပေါ် မျှော်လင့်ချက် သိပ်မထားနဲ့” တဲ့။

ဒါပေမယ့် သမီးရယ်… သမီးအတွက် ဘယ်အရာမဆို အမေတာဝန်ယူရမယ်လို့ သမီးတောင်းဆိုခဲ့သလို သမီးကလည်း အမေကို အမှတ်ကောင်းလေးနဲ့ မတုန့်ပြန်သင့်ဘူးလား?

အချစ်မှာ နှစ်ဦးနှစ်ဖက် ညီမျှတဲ့ပေးဆပ်ခြင်းတွေ ရှိရမယ်လို့ ချစ်သူကို သမီးပြောခဲ့သလို တစ်သက်လုံး မခွဲမခွါတဲ့ မိသားစုမှာရော စိတ်တူညီမျှ ပေးဆပ်ခြင်းတွေ မရှိသင့်ဘူးလား သမီးငယ်.. ?

ချစ်သူအပေါ်ထားတဲ့ သမီးရဲ့ချစ်ခြင်းတွေ၊ ရူးသွပ်မှုတွေကို မေမေသဝန်တိုလို့ မဟုတ်ဘူးနော် သမီး။ ချစ်ခြင်းဆိုတာကလည်း ခံစားမှုအတွေ့အကြုံနဲ့ စိတ်အာဟာရတစ်မျိုးဆိုတာ မေမေသိတယ်။ မေမေမျှော်လင့်တာက ချစ်သူနဲ့သမီး အပြန်အလှန်ပေးဆပ်သလိုမျိုး ၂၂နှစ်ကြာ သမီးအပေါ် ပေးဆပ်ခဲ့တဲ့ အမေရဲ့သွေး၊ ချွေးတွေကိုလည်း သမီးသတိရစေချင်တယ်။ ချစ်သူကပေးတဲ့ ချစ်သက်တမ်းတစ်နှစ်ကို တစ်သက်လုံးနဲ့ လဲချင်ခဲ့တဲ့သမီး၊ သမီးအပေါ်မလျော့တဲ့အချစ်နဲ့ တစ်သက်လုံးချစ်ခဲ့တဲ့ အမေ့ကို သမီးရဲ့ တစ်နှစ်ဆိုတဲ့ ဂရုစိုက်ပြုစုမှုတွေ ပြန်မပေးသင့်ဘူးလားကွယ်? ခုတော့ သမီးဆီက ရလိုက်တဲ့ အရာတွေက မေမေပေးဆပ်ခဲ့တာနဲ့ မတန်ခဲ့ပေမယ့် မေမေကျေနပ်ခဲ့ပါတယ်။

မေမေ့မွေးနေ့မှာ သမီးဆီက ဘာလက်ဆောင်မှ မရခဲ့လည်း ဖုန်းဆက်ပြီး အဝေးက သမီးအသံကို အမေကြားပါရစေ။

မေမေစိတ်ပူပြီး ညညအိပ်မပျော်လည်း ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ့်အကြောင်း ဖုန်းဆက်ပြီး မေမေ့ကို အကြောင်းကြားပေးပါ။

စာထဲ သမီး စိတ်မဝင်စားခဲ့လည်း စာမေးပွဲကြေးသွင်းတဲ့အခါ မေမေ့ကိုတောင်းပန်စကား တစ်ခွန်းပြောဖို့ သတိရပေးပါ။

လုပ်အားခပိုက်ဆံတွေကို ချစ်သူအတွက် လက်ဆောင်ဝယ်ပေးခဲ့လည်း ပိုက်ဆံတစ်ပြားတစ်ချပ် ရှာရတာ အင်မတန်ပင်ပန်းကြောင်း အမေ့ကို စာတိုလေးတစ်ကြောင်း ပို့ဖို့မမေ့ပါနဲ့။

ဒီလိုပေးဆပ်မှုမျိုးက ဘယ်မိခင်မဆို လိုအပ်ပါတယ်။ စိတ်ထိခိုက် လှုပ်ရှားလွယ်တဲ့ မေမေကတော့ တစ်ခြားမိခင်တွေထက် ပိုခဲ့တယ်။ သားသမီးတိုင်းကို မိခင်ရဲ့ကောင်းကွက်တွေကို မှတ်ပြီး အမြဲတစေပေးဆပ်စေတာက ကြမ်းတမ်းတဲ့လုပ်ရပ်မှန်း မေမေသိတယ်။ သမီးအိမ်ထောင်ပြုပြီး သားသမီးရတဲ့အချိန် အဲဒီသားသမီးတွေရဲ့ အေးစက်စက် တုန့်ပြန်မှုနဲ့ လျစ်လျူရှူမှုကို ခံရတဲ့အချိန်၊ ချွေးထက်မက မျက်ရည်တွေကျမိချိန်မှ မေမေပြောတာတွေကို သမီးနားလည်လာမှာပါ သမီး။

မိခင်တွေလိုချင်တဲ့ သားသမီးတွေရဲ့ တုန့်ပြန်မှုဟာ သေးသိမ်လွန်းလှပါတယ်။ ဒီလိုနှိမ့်ချပြီး တောင်းဆိုတဲ့ မိခင်တစ်ဦးကို သမီးက စာအုပ်ထဲကမိခင်လောက် မမြင့်မြတ်ဘူး၊ တစ်ကိုယ်ကောင်းဆန်တယ်လို့ သမီးထင်ခဲ့တယ်။ ဒီလိုဆိုရင် သမီးငယ်.. ကိုယ်တိုင်ကရော ဘယ်လိုတွေ ပေးဆပ်တုန့်ပြန်ခဲ့သလဲကွယ်?


သားတို့ အိမ်ပြန်ကြရအောင် အမေ




"ပေါ့ရင် အရသာမရှိဘူးနဲ့ ဒီနေ့ချက်တာ နည်းနည်းငန်တော့ မျိုမကျဘူးတဲ့။
ဘယ်လိုလုပ်ပေးရမလဲ"

အိမ်ထဲဝင်ဝင်ချင်း ထမင်းစားခန်းမှ လွှင့်လာတဲ့အသံက ဆီးလို့ကြိုတယ်။ သားကို
မြင်တော့ အမေက ခေါင်းငုံ့ပြီး ထမင်းဆက်စားတယ်။ မိန်းမက သူ့ကို
မျက်စောင်းနဲ့ ကြည့်တယ်။ အမေစားနေတဲ့ ဟင်းကို သူ မြည်းကြည့်ပြီး
ချက်ချင်း ထွေးထုတ်လိုက်မိတယ်။

"အမေ့ရောဂါက အငန်နဲ့ မတည့်ဘူးလို့ ပြောထားတယ် မဟုတ်လား"

"ဒါဆို ရှင့်အမေကို ရှင်ပဲချက်ကျွေးပေါ့" ခြေဆောင့်ပြီး သူမ ထွက်သွားတယ်။

သက်ပြင်းတစ်ချက်ကို သူခပ်ဖွဖွချရင်း...
"အမေ.. အဲတာတွေ မစားနဲ့တော့.. သား ခေါက်ဆွဲချက်လိုက်မယ်"

"သား... အမေကို သား ဘာပြောစရာရှိလဲ? ပြောစရာရှိတာ ပြောနော်သား..စိတ်ထဲ ထည့်မထားနဲ့"

"နောက်လကျရင် သားရာထူးတက်ပြီ အမေ။ သား ဒီထက် ပိုအလုပ်များတော့မယ်။
အမေ့ချွေးမကလည်း အပြင်ထွက် အလုပ်လုပ်ချင်တယ်တဲ့.. ဒါကြောင့်.. "

သား ဘာကိုဆိုလိုချင်မှန်း အမေသိလိုက်တယ်။

"သားရယ် အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်"

တိုးလျှိုးတောင်းပန်စွာ အမေဆိုတော့ သားစိတ်မကောင်းဖြစ်ပြီး ခဏလောက်
နှုတ်ဆိတ်သွားတယ်။

"အမေ.. လူအိုရုံက မကောင်းတာ မဟုတ်ဘူး။ အမေ့ချွေးမ အလုပ်ရရင် အမေ့ကို
ပြုစုဖို့အချိန် ရှိတော့မှာ မဟုတ်ဘူး။ လူအိုရုံမှာ အမေ့ကို ပြုစုမယ့်လူ၊
ချက်ကျွေးမယ့် ၀န်ထမ်းတွေရှိတယ် အမေ။ အိမ်မှာထက်စာရင် ပိုကောင်းတာပေါ့
အမေရယ်"

"ဒါပေမဲ့.. သားရယ်..."

အမေ့စကားကို သူ မကြားချင်ဟန်ဆောင်ပြီး ရေချိုးခန်းဘက် ထွက်လာခဲ့တယ်။
သားအမိနှစ်ယောက် ခေါက်ဆွဲအတူစားပြီး စာကြည့်ခန်းထဲ သူဝင်ခဲ့တယ်။
ပြတင်းပေါက် အပြင်ဖက်ကို ငေးကြည့်ရင်း သူတွေဝေနေမိတယ်။ ငယ်ငယ်ရွယ်ရွယ်
မုဆိုးမဖြစ်ခဲ့ရတဲ့ အမေ၊ သားကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင်
ကျွေးမွေးခဲ့တဲ့ အမေ၊ သားကို လူရာဝင်အောင် နိုင်ငံခြားအထိ ပညာသင်ခွင့်
ပေးခဲ့တဲ့ အမေ.. သားကို ကြီးပြင်းအောင် ကျွေးမွေးအနစ်နာခံခဲ့တာကို
အကြောင်းပြပြီး သားဆီက ဘာမှပြန်မမျှော်လင့်ခဲ့တဲ့ အမေကို အိမ်ထောင်ရေး
တည်မြဲဖို့ မိန်းမဆန္ဒကြောင့် လူအိုရုံပို့ရတော့မယ်။
သက်ပြင်းလေးလေးတစ်ချက် သူချလိုက်မိတယ်။ သား ရင်ထဲမှာ မချိလိုက်တာ
အမေရယ်...

"မင်းရဲ့ လက်ကျန်ဘ၀ကို မင်းအမေက အဖော်ပြုမှာ မဟုတ်ဘူး.. မင်းမိန်းမကပဲ အဖော်ပြုမှာ"

"မင်း အမေ အသက်ကြီးပြီကွာ။ နေလိုရရင် နောက်ထပ် ၄ . ၅ နှစ်ပေါ့။ အဲဒီ
နှစ်တိုတိုလေးမှာ အမေကို သေချာပြုစု ဂရုစိုက်ပါကွာ။ မရှိတော့မှ
ငါမကျွေးလိုက်ရပါလား? ငါ မမွေးလိုက်ရပါလားလို့ နောင်တမရနဲ့"

ပတ်ဝန်းကျင်က သူငယ်ချင်း မိတ်ဆွေတစ်ချို့ရဲ့ စကားသံကို ပြန်ကြားယောင်ရင်း
သူရှေ့ဆက် မတွေးရဲတော့ဘူး။

အမေ့အတွက် ငွေကုန်ကြေးကျများရင် ဂရုစိုက် ရိုသေရာရောက်တယ်လို့
ထင်မယ်ဆိုလည်း ထင်ကြတော့။ တောင်စွယ်နေကွယ်လုဆဲ ညနေခင်းတစ်ခု မြို့ပြင်မှာ
တည်ထားတဲ့ လူအိုရုံဆီ သူတို့ရောက်လာခဲ့တယ်။ လူအိုရုံရဲ့ဧည့်ခန်းကို
သူတို့ဖြတ်လျှောက်တော့ ၄၂လက်မ တီဗွီဖန်သားပြင်ပေါ်မှာ ဟာသကား
တစ်ကားပြနေတာကို တွေ့လိုက်တယ်။ ဒါပေမဲ့ ကြည့်နေတဲ့ ပရိသတ်ဆီက ဘာရီသံမှ
မကြားရဘူး။

ပုံစံတူ အင်္ကျီ၊ ပုံစံတူညှပ်ထားတဲ့ ဆံပင်နဲ့ လူအိုတစ်ချို့ ဆိုဖာပေါ်မှာ
စောင်းစောင်းရွဲ့ရွဲ့ ထိုင်နေကြတယ်။ ငူငူငိုင်ငိုင် ထိုင်နေတဲ့
အဘွားအိုတစ်ယောက် ပါးစပ်က တစ်တွတ်တွတ်ရွတ်နေတယ်။ တုန်ချိချိ အဘွားအို
တစ်ယောက် ကြမ်းပြင်ပေါ်ကျနေတဲ့ မုန့်ကို ကုန်းကောက်ဖို့ ကြိုးစားနေတယ်။
မြင်ကွင်းတွေကို သားအကြည့် လွဲပြီး နေရောင်ရတဲ့ အခန်းတစ်ခန်းကို
အမေ့အတွက် ရွေးလိုက်တယ်။ အခန်းပြတင်းပေါက်က အပြင်ကို လှမ်းကြည့်မိတော့
သစ်ပင်ရိပ်အောက်မှာ လက်တွန်းလှည်းနဲ့ နပ်စ်တစ်ချို့ကို တွေ့လိုက်တယ်။
ပျင်းရိပျင်းတွဲ ညနေခင်းရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မြင်ကွင်းက
မြင်ရသူအဖို့ ရင်နင့်စရာကောင်းလှတယ်။

"အမေ.. သား .. သွားတော့မယ်"
သူ့နှုတ်ဆက်စကားကို အမေ ခေါင်းညိတ်ပြတယ်။ တုန်ရီနေတဲ့
လက်နဲ့ဝှေ့ယမ်းပြတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး တစ်ခုခုပြောဖို့
ကြိုးစားတယ်။ အမေ.. ဆံပင်တွေတောင် ငွေရောင်သမ်းခဲ့ပါပေါ့လား..
မျက်လုံးထောင့်က အရစ်ကြောင်းတွေတောင် နက်သထက် နက်ဝင်ခဲ့ပါပေါ့လား... အမေ
တကယ်အိုခဲ့ပါပေါ့လား....
သားတို့ အိမ်ပြန်ကြရအောင် အမေ

(၁)
အဲဒီတုန်းက သူ(၆)နှစ်။ ကိစ္စတစ်ခုကြောင့် အမေခရီးထွက်ရမယ်ဆိုလို့ သူ့ကို
ဦးလေးအိမ်မှာ ခဏ သွားအပ်ခဲ့တယ်။ ပစ္စည်းတွေယူပြီး အမေသွားဖို့ပြင်တော့
ကြောက်အားလန့်အားနဲ့ အမေ့ အင်္ကျီိကိုဆွဲပြီး သူအော်ငိုတော့တယ်။

" အမေ.. သားကို ခွဲမသွားပါနဲ့...အမေ သားကို ထားမသွားပါနဲ့"
ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့ကို အမေ ထားမသွားရက်ခဲ့ဘူး။ အမေ့လက်ကို
ဆွဲပြီး ဦးလေးအိမ်က ထွက်လာတော့ ခြံတံခါးကို သူဆွဲပိတ်ခဲ့လိုက်တယ်။
သူ့ကို ထားခဲ့ဖို့ လာသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီး တစ်သက်လုံး
ကပ်ညှိမလာအောင် တံခါးဝဖက်ကို သူယောင်လို့တောင် လဲမကြည့်ခဲ့ဘူး။

(၂)
အိမ်ထဲ ၀င်လိုက်တာနဲ့ မိန်းမနဲ့ ယောက္ခမက အမေ့အခန်းထဲက ပစ္စည်းတွေကို
လွင့်ပစ်ဖို့ သိမ်းနေတာနဲ့ သွားတိုးတယ်။ ၂ပေမြင့်တဲ့ ဒိုင်းဆုတစ်ခု....
အထက်တန်းတုန်းက "ကျွန်တော်၏ မိခင်" ဆိုတဲ့ စာစီစာကုံးနဲ့ သူ ပထမဆုရထားတဲ့
ဒိုင်းဆုလေး။ အဘိဓာန် စာအုပ်တစ်အုပ်... အမေ့ချွေးနဲစာနဲ့ ၀ယ်ပေးခဲ့တဲ့
သူ့ရဲ့ ပထမဦးဆုံးသော မွေးနေ့လက်ဆောင်။ အကြောပြေ လိမ်းဆေးတစ်ဘူး...အမေ
အိပ်ရာမ၀င်ခင် လိမ်းတတ်တဲ့ဆေး... လိမ်းပေးမဲ့သူ မရှိဘဲ အမေ့ကို
ဒီဆေးပေးလိုက်တော့လဲ ဘာထူးမှာလဲ...

"တော်ပြီ.. မသိမ်းကြပါနဲ့တော့" သူ အော်လိုက်မိတယ်။
"ဒီလောက်များတဲ့ အမှိုက်တွေ မပစ်ထုတ်ရင် ငါ့ပစ္စည်းတွေ ဘယ်နားသွားထားရမလဲ"
ယောက္ခက စူးစူးဝါးဝါး ကြည့်ရင်း ပြန်အော်တယ်။

"ဟုတ်ပါ့.. အဲဒီကုတင်စုတ်ကြီးလည်း ပစ်ထုတ်လိုက်စမ်းပါ။ မနက်ဖြန်ကျမှ
အမေ့အတွက် သမီး ကုတင်အသစ်တစ်လုံး ၀ယ်ပေးမယ်နော်"

ကုတင်ခေါင်းရင်းမှာ ထောင်ထားတဲ့ ဓာတ်ပုံကို သူတွေ့လိုက်တယ်။ အဲဒီပုံက
သူ့ကို အမေ ကစားကွင်း လိုက်ပို့တုန်းက ရိုက်ထားတဲ့ပုံဖြစ်တယ်။
"ဒါတွေဟာ ကျွန်တော့်အမေရဲ့ အမွေတွေ... တစ်ခုမှ မပစ်နိုင်ဘူး"
"ဒါ ဘာအချိုးလဲ.. ဘာလို့ အမေ့ကို ပြန်အော်ရတာလဲ.. အမေ့ကို ချက်ချင်းတောင်းပန်လိုက်"

"မင်းကို ငါ လက်ထပ်ခဲ့တာနဲ့ မင်းအမေကို ချစ်ရမယ်ဆိုရင် ဘာဖြစ်လို့ ငါ့ကို
လက်ထပ်ခဲ့ပြီး ငါ့အမေကို မင်း မချစ်ခဲ့ရတာလဲ"

(၃)
မိုးရွာပြီးစမို့ ညက ပိုအေးစက်နေတယ်။ လူသူကင်းရှင်းတဲ့ လမ်းမပေါ်မှာ
ကားလေးတစ်စီး မြို့ပြင်က လူအိုရုံဖက် ဦးတည်ပြီး တရိပ်ရိပ်ပြေးနေတယ်။
လူအိုရုံရောက်တော့ ကားပေါ်က အမြန်ဆင်းပြီး အမေ့အခန်းဖက်
သူပြေးသွားလိုက်မိတယ်။ သူ့လက်ထဲမှာ အမေ အမြဲလိမ်းတတ်တဲ့
အကြောပြေဆေးဘူးကို တင်းတင်း ဆုပ်ကိုင်ထားတယ်။

"အမေ.. ဆေးကျန်ခဲ့လို့ သားလာပို့တာ"
အမေ့ကုတင်ရှေ့ သူဒူးထောက်ချလိမ့်မိတယ်။
"မိုးချုပ်နေပြီ သားရယ်.. မနက်ဖြန် အလုပ်ရှိသေးတယ် မဟုတ်လား..
ပြန်ပါသား.. ဆေးကို အမေ့ဘာသာ လိမ်းလို့ရတယ်"

"အမေ.... " သူ့အသံတွေ လည်ချောင်းဝမှာ တစ်ဆို့နေတယ်။
"အမေ သားကို ခွင့်လွတ်ပါ အမေ... သားတို့ အိမ်ပြန်ကြရအောင်နော်"
အိုမင်း ပိန်လှီနေတဲ့ အမေ့ခန္ဓာကိုယ်ကို တင်းတင်းလေး သူဖက်ထားလိမ့်မိတယ်။
သူ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့...

"သားတို့ အိမ်ပြန်ကြရအောင် အမေ"